ထိပ်တန်းလိဂ် ၅ ခုမှာ ဖလားတွေ ရယူနိုင်တဲ့ ပထမဆုံး နည်းပြ Carlo Ancelotti
ကာလို အန်ဆယ်လော့တီဟာ မနေ့က လာလီဂါဖလားကို ရယူခဲ့ပြီးနောက် ထိပ်တန်းလိဂ် ၅ ခုမှာ အမှတ်ပေးဖလားတွေ ရယူနိုင်တဲ့ ပထမဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာ ဒီနေ့မှာတော့ ဥရောပဘောလုံးလောကရဲ့ အဓိက လိဂ် ၅ ခုစလုံးမှာ အမှတ်ပေးဖလားတွေကို အနိုင်ရထားတဲ့ သမိုင်းတလျှောက် ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။ နည်းပြကြီး Carlo Ancelotti [ ကာလို အန်ဆယ်လော့] ဟာ ရီးယဲလ်မက်ဒရစ် အသင်းကို လာလီဂါ ဖလားရရှိအောင် စွမ်းဆောင်ပေးပြီးနောက် အဓိက လိဂ် ၅ ခုလုံးမှာ အမှတ်ပေး ချန်ပီယံဆုဖလားတိုင်းကို ရရှိခဲ့တဲ့ ပထမဆုံးနည်းပြဖြစ်လာချိန်မှာတော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင် ကျခဲ့ပါတယ်။
