UK Match Day: ကမ္ဘာ့ဖလား ခရီးစဉ် (ပထမ) အပတ်
လန်ဒန်ကနေ အမေရိကန်မြေဆီအထိ ကမ္ဘာ့ဖလားအလှည့်အပြောင်းတွေကို ကွင်းတွင်းအမှီ လိုက်လံတင်ဆက်ပေးနေတဲ့ ကျွန်တော်တို့ 1xBet ရဲ့ Ambassador ကိုချမ်း (UK Match Day) ရဲ့ ပထမဦးဆုံးအပတ် ကမ္ဘာ့ဖလားခရီးစဥ် အနှစ်ချုပ်ကို ပရိသတ်ကြီးအတွက် တစ်စုတစ်စည်းတည်း တင်ဆက်ပေးလိုက်ပါတယ်ဗျာ။
လန်ဒန်-ဟောင်ကောင်-နယူးယော့ခ် (Flight Delay အခက်အခဲနှင့် လေဆိပ် အတွေ့အကြုံ)
ခရီးစဉ်အစမှာတော့ ကိုချမ်းတစ်ယောက် လန်ဒန်ကနေ ကမ္ဘာ့ဖလားကျင်းပရာ အမေရိကန်ကို သွားဖို့ ဟောင်ကောင်မှာ ခရီးတစ်ထောက် နားခဲ့ရပါတယ်။ ဟောင်ကောင်ရဲ့ လှပတဲ့ မြို့ပြမြင်ကွင်းတွေနဲ့ အဆောက်အဦးတွေကို လမ်းလျှောက်ရင်း ခံစားခဲ့ပြီး ညဘက် Taxi ကားလေးတွေရဲ့ ဒီဇိုင်းကို သဘောကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သူ့အတွက် ဟောင်ကောင်ကို ၂ ကြိမ်မြောက် ရောက်ရှိခြင်းလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ခရီးသွားရင် ကြုံလေ့ရှိတဲ့ အသေးစား အခက်အခဲလေးတစ်ခု ဖြစ်တဲ့ Flight Delay နဲ့ ကြုံခဲ့ရပါတယ်ဗျာ။ New York ကို သွားမယ့် တဆင့်ခံလေယာဉ်က ၁ နာရီခွဲနီးပါး နောက်ကျခဲ့လို့ လမ်းတစ်ဝက်မှာ တစ်ညအိပ်ခဲ့ရပြီး နောက်နေ့မနက်မှ ရောက်ခဲ့ပါတယ်။ စုစုပေါင်း ၇ နာရီခန့် နောက်ကျသွားတာကြောင့် လေကြောင်းလိုင်းက စီစဉ်ပေးတဲ့ လေဆိပ်ဟော်တယ်မှာ တည်းခိုခဲ့ရပါတယ်။ ဒါပေမယ့် စိတ်မပျက်ဘဲ လေဆိပ်ပြင်ပကို ခဏတဖြုတ် သွားလာလည်ပတ်ခဲ့ပါသေးတယ်။
ထူးခြားတာကတော့ New York သို့ သွားတဲ့ လေယာဉ်ပေါ်မှာတင် မက္ကဆီကို ၂-၀ တောင်အာဖရိက ပွဲစဉ်ကို ကြည့်ရှု အားပေးခဲ့ရတာပါပဲ။ New York (JFK) လေဆိပ်ကို ရောက်တော့ UKM က အာဂျင်တီးနားဂျာစီ ဝတ်ပြီး အလံခြုံထားတာကြောင့် Immigration မှာ ဘာမှ အရှုပ်အရှင်းမရှိဘဲ မိနစ်ပိုင်းအတွင်း အလွယ်တကူ Pass ဖြစ်သွားခဲ့ပါတယ်! လေဆိပ်မှာလည်း သူ့ရဲ့ အသိမိတ်ဆွေတစ်ဦးက လာကြိုခဲ့လို့ အဆင်ပြေပြေနဲ့ ခရီးစဉ်ကို စတင်နိုင်ခဲ့ပါတယ်။

New York မြို့က ကမ္ဘာ့ဖလား အငွေ့အသက်နှင့် မိုးမျှော်တိုက်ကြီးများ
ကိုချမ်းရဲ့ အတွေ့အကြုံအရ New York မြို့ဟာ လန်ဒန်နဲ့မတူဘဲ မိုးမျှော်တိုက်ကြီးတွေနဲ့ ပြည့်နှက်နေလို့ အလွန် သဘောကျမိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက ၂၀၁၈ ကမ္ဘာ့ဖလား (ရုရှား) နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား (ကာတာ) တုန်းကလို ကမ္ဘာ့ဖလားအငွေ့အသက်ကြီးကြီးမားမား မတွေ့ရတာပါပဲ။ ပုံမှန်ဆို အားကစား Banners တွေနဲ့ ပြည့်နေရမှာ ဖြစ်ပေမယ့် ဒီမှာတော့ အနည်းငယ်ပဲ တွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်မှာ New York အခြေစိုက် ဘတ်စကက်ဘောအသင်းဖြစ်တဲ့ Knicks အသင်းက နှစ်ပေါင်း ၅၁ ကြာမှ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ဖို့ ၁ ပွဲပဲ လိုတော့တဲ့ ကာလဖြစ်နေလို့ မြို့ခံတွေအားလုံးက အဲ့ဒီဘက်ကိုပဲ အာရုံရောက်နေကြလို့ပါဗျာ။ ဒါပေမယ့် လမ်းတွေပေါ်မှာတော့ စကော့တလန်၊ မက္ကဆီကို၊ အာဂျင်တီးနားနဲ့ ဘရာဇီးလ် ပရိတ်သတ်အချို့ကိုတော့ စုံစုံလင်လင် တွေ့မြင်ခဲ့ရပါတယ်။ အရင် ရုရှားကမ္ဘာ့ဖလားတုန်းက မော်စကိုမြို့မှာ နိုင်ငံစုံပရိတ်သတ်တွေနဲ့ စည်ကားခဲ့ပုံမျိုးနဲ့တော့ လုံးဝ ကွဲပြားနေတာပေါ့။
Brazil 1-1 Morocco: New Jersey Stadium ကွင်းတွင်း အားပေးမှု
ပထမဆုံး ကွင်းတွင်းပွဲစဉ်အနေနဲ့ ကိုချမ်းဟာ Brazil 1-1 Morocco ပွဲကို ကြည့်ဖို့ New York New Jersey Stadium ကို ရထားနဲ့ ထွက်ခွာခဲ့ပါတယ်။ ရထားပေါ်မှာ ဘရာဇီးနဲ့ မော်ရိုကို ပရိတ်သတ်တွေ အုန်းအုန်းထနေတာကို တွေ့ခဲ့ရပြီး ရထားစီးချိန် ၂ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ကွင်းထဲမှာတော့ ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ပွဲအပြီးမှာတော့ UKM က သူ့ရဲ့ ကိုယ်ပိုင်အမြင်နဲ့ အားနည်းချက်၊ အားသာချက် ပွဲပြီးသုံးသပ်ချက်အချို့ကို ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ဝေမျှပေးခဲ့ပါတယ်။
Argentina 3-0 Algeria: Times Square မှ Kansas City အထိ| မက်ဆီရဲ့ သမိုင်းဝင် Hat-trick
ဒီပွဲကတော့ တကယ့်ကို တစ်ပတ်တာရဲ့ အလန်းဆုံး Highlight ပါပဲ! ပွဲမစခင် UKM ဟာ အာဂျင်တီးနား ပရိတ်သတ်တွေနဲ့အတူ Times Square မှာ ရှိနေခဲ့ပြီး ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီနောက် Argentina 3-0 Algeria ပွဲကစားမယ့် Kansas City Stadium ကို ထွက်ခွာရာ ခရီးစဉ်တစ်လျှောက်မှာလည်း အာဂျင်တီးနား ပရိတ်သတ်အများအပြားကို စည်ကားသိုက်မြိုက်စွာ တွေ့ခဲ့ရပါတယ်။
ကွင်းထဲမှာတော့ အာဂျင်တီးနားက ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ရုံတင်မကဘဲ UKM အနေနဲ့ အသင်းကြီးနဲ့ လီယိုမက်ဆီကို အားပေးလာတဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် လီယိုမက်ဆီရဲ့ ကမ္ဘာ့ဖလား Hat-trick သွင်းဂိုးကို ကွင်းထဲမှာ ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတာကြောင့် အရမ်းကို ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ အနိုင်ရ ၃ မှတ်အတွက်လည်း အတိုင်းမသိ ဝမ်းသာမိကြောင်း ဝေမျှခဲ့ပြီး ပွဲအပြီးမှာတော့ Kansas City မှာ အာဂျင်တီးနား ပရိတ်သတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်ဗျာ။
England 4-2 Croatia: Dallas Stadium မှာ ဂိုးမိုးရွာခဲ့တဲ့ ပွဲစဉ်
အောင်ပွဲခံလို့အပြီးမှာတော့ UKM ဟာ နောက်ထပ် ပွဲကြီးပွဲကောင်းဖြစ်တဲ့ England 4-2 Croatia ပွဲစဉ်ကို အားပေးဖို့ Kansas ကနေ Dallas မြို့သို့ ထွက်ခွာခဲ့ပါတယ်။ Dallas Stadium ကွင်းကြီးထဲမှာ အင်္ဂလန်အသင်းရဲ့ ဂိုးမိုးရွာသွန်းပြီး ၄-၂ နဲ့ အနိုင်ရရှိမှုကို ကိုယ်တိုင် အားပေးကြည့်ရှုခဲ့ပြီး ထုံးစံအတိုင်း ပရိသတ်တွေ အကြိုက်တွေ့မယ့် စည်းဝါးကျနတဲ့ ပွဲပြီးသုံးသပ်ချက်တွေကို မျှဝေတင်ဆက်ပေးခဲ့ပါတယ်။

နိဂုံးနှင့် ရှေ့ဆက်မည့် ခရီးစဉ်များကို စောင့်မျှော်ကြည့်ရှုခြင်း
ကဲ… 1xBet Ambassador ကိုချမ်း (UKM) ရဲ့ ကမ္ဘာ့ဖလား ပထမပတ် ခရီးစဉ်ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာ အပြည့်ပါပဲ။ Flight Delay အခက်အခဲတွေကို ကျော်ဖြတ်ပြီး မက်ဆီရဲ့ သမိုင်းဝင် Hat-trick အထိ မြင်တွေ့ခဲ့ရတဲ့ ခရီးစဉ်ဟာ ဘောလုံးဝါသနာရှင်တိုင်း အားကျချင်စရာပါပဲ။
နောက်အပတ်တွေမှာလည်း ကိုချမ်းတစ်ယောက် ဘယ်လို စိတ်လှုပ်ရှားစရာ ပွဲစဉ်တွေနဲ့ Vlogs တွေကို တင်ဆက်ပေးဦးမလဲဆိုတာ စောင့်မျှော် အားပေးကြပါဦးနော်။ ချစ်မိတ်ဆွေတို့ကော ဒီနှစ်ကမ္ဘာ့ဖလားမှာ ဘယ်အသင်းကို အားပေးနေကြလဲဗျ။ စာမျက်နှာကို Bookmark လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်!
1xBet အကောင့်အသစ် ဖွင့်မည့်သူများအတွက် အထူး Welcome Promo Codes!
သင်က 1xBet မှာ အကောင့်မရှိသေးတဲ့ သူအသစ်တစ်ယောက်ဆိုရင် စိတ်မပူပါနဲ့။ အခုပဲ အကောင့်ဖွင့်ပြီး ပြိုင်ပွဲဝင်ရင်း အောက်ပါ အောက်ပါ တရားဝင် ပရိုမိုကုဒ် MSSPORT100 ကို အသုံးပြုပြီး အထူးအပို Bonus တွေကို ရယူလိုက်ပါ –
ကမ္ဘာ့ဖလားရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို UKM ရဲ့ မြေပြင် POV အမြင်တွေနဲ့အတူ တိုက်ရိုက်ခံစားပြီး၊ ဆုကြေးငွေ ကျပ်သိန်းရာချီကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကို လုံးဝ လက်လွတ်မခံပါနဲ့နဲ့ဗျာ။ အခုပဲ 1xBet မှာ ပါဝင်ဆင်နွှဲလိုက်ရအောင်ဗျာ! ⚽
1xbet ရဲ့ ကတ်စတန်မာများ အားလုံးပဲ ကံကောင်းကြပါစေ ခင်ဗျာ။
စိတ်ဝင်စားစရာ ပရိုမိုးရှင်း အစီအစဥ်တွေကို နေ့စဥ်မလွတ်တမ်း သိရှိနိုင်အောင် ညာဘက်အောက်က
အသိပေးခေါင်းလောင်းလေးကို နှိပ်ပြီး Subscribe လုပ်သွားပေးကြပါဦး ခင်ဗျ။

